ဖလမ်းမြို့တွင် မြေပြိုကျမှုနှင့် ကျောက်စီနံရံ အက်ကွဲမှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၈)ခု နီးစပ်ရာဆွေမျိုးများထံ ပြောင်းရွှေ့နေရ

0
225

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် မြေပြိုကျမှုဖြစ်ပွားခြင်းနှင့် တမိုင်ဘုန်းကြီးကျောင်းလမ်းတွင် ကျောက်စီနံရံ အက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဖလမ်းမြို့နယ် မီးသတ်စခန်းမှ သိရသည်။

အောက်တိုဘာ (၄) ရက် နေ့လယ် (၂) နာရီခွဲအချိန်က ဖလမ်းမြို့တွင် မြေပြိုကျမှုနှင့် ကျောက်စီနံရံ အက်ကွဲမှူ သတင်းအရ ဖလမ်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ထိုသို့ ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် ဂိုထောင်(၁)လုံးအားရွှေ့ပြောင်းပေးခြင်း၊ အိမ်ထောင်စု(၈)စုနှင့် မိသားစုဝင်များအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နီးစပ်ရာ ဆွေမျိုးများအိမ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောက်စီနံရံအား ထပ်မံပြိုကျမှု မရှိစေရေးအတွက် အမိုးအကာများ ဖုံးအုပ်ပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ နောက်ဆုံးပတ်ကလည်း ချင်းပြည်နယ် ဖလမ်းမြို့တွင် မြေပြိုကျမှု (၁) ကြိမ်၊ ဟားခါးမြို့တွင် မြေပြိုကျမှု (၂) ကြိမ်ဖြစ်ခဲ့သေးကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here