ရနောင်းခရိုင်တွင် မြန်မာနိုင်ငံသား (၁၉) ဦးဖမ်းဆီးခံရပြန်

0
233

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်တွင် အောက်တိုဘာ (၂) ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၁၉) ဦး ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နံနက်ပိုင်းက ရနောင်းခရိုင်မှ တာဝန်ရှိသူများသည် ရနောင်းခရိုင်၊ ကရဘူရီမြို့၊ ကျောပေါရော်ကျေးရွာရှိ ဘန့်ဟင်ယိုင်အိမ်ယာအနီး၌ ကင်းလှည့်နေစဥ် ပစ်ကပ်ကား (၂) စီးအားတွေ့ရှိခဲ့ရသဖြင့် စစ်ဆေးခဲ့ကြကြောင်း သိရသသည်။

ထိုသို့ စစ်ဆေးရာ ထိုင်းနိုင်ငံသား ကားမောင်းသူနှစ်ဦးနှင့်အတူ ကား (၂) စီးပေါ်တွင် ပုန်းအောင်းလိုက် ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား (၁၃) ဦးနှင့်အမျိုးသမီး (၆) ဦး (စုစုပေါင်း ၁၉ ဦး)တို့အား ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူ (၂) ဦးနှင့်မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ ဥပဒေအရအရေးယူရန် ရနောင်းခရိုင်တာဝန်ရှိသူများက ပါက်ကျန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here