PTTEP က မြန်မာရှိသဘာဝဓာတ်‌ငွေ့လုပ်ကွက်နှစ်ခုအား သက်တမ်းတိုးရန်အစီအစဉ်ရှိဟုဆို

0
227

အဘူဒါဘီ၊အောက်တိုဘာ ၃

ထိုင်းရေနံကုမ္ပဏီတစ်ခုဖြစ်သည့် PTTEP သည် အိမ်နီးချင်းမြန်မာနိုင်ငံ၌လုပ်ကိုင်နေသော သဘာဝဓာတ်ငွေ့လုပ်ကွက်နှစ်ခုအား သက်တမ်းတိုးရန်ဆန္ဒရှိကြောင်း ၎င်း၏အမှုဆောင်ရာရှိချုပ်ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ PTTEP ၏ သဘာဝဓာတ်ငွေ့လုပ်ကွက်နှစ်ခုအနက် တစ်ခုမှာ ၂၀၂၈ ခုနှစ်တွင်စာချုပ်သက်တမ်းပြည့်မည်ဖြစ်ပြီး ကျန်တစ်ခုမှာမူ စာချုပ်သက်တမ်း နှစ် (၂၀) ခန့်ကျန်သေးသည်ဟု သိရသည်။

၎င်းတို့ကုမ္ပဏီအနေဖြင့် ထိုင်း၌လုပ်ကွက်သုံးခုရှိသည့်အနက်မှ နှစ်ခုအားလုပ်ကိုင်မည်ဖြစ်ပြီး နှစ်နှစ်အတွင်း ယင်းလုပ်ကွက်များမှ ဓာတ်ငွေ့ထုတ်ယူနိုင်ရန်မျှော်လင့်သည်ဟုလည်း PTTEP ၏အမှုဆောင်အရာရှိချုပ်ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ PTTEP ၏လုပ်ကွက်နှစ်ခုမှထုတ်လုပ်မှုသည် မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်သုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ ၂၀ ရာခိုင်နှုန်းရှိသောကြောင့် မြန်မာနိုင်ငံ၏စွမ်းအင်ဖူလုံရေးကို ထိန်းသိမ်းနိုင်ရန် ၎င်း လုပ်ကွက်နှစ်ခုအတွက် စာချုပ်သက်တမ်းတိုးရန်ဆန္ဒရှိခြင်းဖြစ်သည် ဟုဆိုသည်။

Source : Reuters
Photo credit: PTTEP


LEAVE A REPLY

Please enter your comment!
Please enter your name here