လေယာဉ်မီးငြိမ်းသတ်ကယ်ဆယ်ရေးအဆင့်မြင့် သင်တန်းအား ရန်ကုန်လေဆိပ်တွင်သင်ကြားပို့ချခဲ့

0
242

လေယာဉ်မီးငြိမ်းသတ်ကယ်ဆယ်ရေးအဆင့်မြင့် သင်တန်းအား Airport of Thailand (AOT)က စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ရန်ကုန်လေဆိပ်တွင်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်အား စီမံခန့်ခွဲ၀န်ဆောင်မှုပေးနေသည့် Yangon Aerodrome Company Limited (YACL)မှ လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီး သည်များနှင့်မိတ်ဖက်လုပ်ငန်းများ ဘေးအန္တ ရာယ်ကင်းရှင်းလုံခြုံစေရန်ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းအား ရန်ကုန်လေဆိပ်နှင့်နေပြည်တော်လေဆိပ်တို့မှ Aircraft Rescue and Fire Fighting (ARFF)၏ ဝန်ထမ်း(၃၀)ဦးတက်ရောက်ခဲ့ကြကာ လေ့ကျင့်ရေးအစီအစဉ်တွင် အရေးပေါ် အခြေအ နေများအပေါ် တုံ့ပြန်ဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်မရှိမဖြစ်လိုအပ်သော အ ကြောင်းအရာများစွာပါဝင်ကြောင်း သိရသည်။

“သင်တန်းပြီးမြောက်မှုကတဆင့် ARFF Team ရဲ့ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာအရည်အသွေးကို မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး မတူညီတဲ့အရေးပေါ် အခြေအနေအမျိုးမျိုးကို ပိုမိုထိရောက်တဲ့ဖြေ ရှင်းချက်စံနှုန်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းသွားနိုင်မယ်လို့ယုံကြည်ပါတယ်”ဟု YACL ၏ Chief Operating Oficer ဖြစ်သူ Mr. Pedrc Cave ကပြောသည်။

သင်တန်းတွင် Airport and Type of Aircraft Familiarization (Emergency Aircraft Evacuation Assistance (Rescue Concept) , Critical Area Concept , Operations and Tactics Manoeuvre Concept , Task Resource and Analysis Concept , Emergency and Crisis Concept , Familiarization with Fire Fighters Duty under the Aerodrome Emergency Plan , Protective Clothing and Respiratory Protection , The Role of Breathing Apparatus Entry Control Officer (Workshop) , Dangerous Goods , The Use of Emergency Response Guidebook (HAZMAT Identification)တို့အား သင်ကြားပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here