သထုံမြို့တွင် လမ်းလျှောက်လာသူအား ဆိုင်ကယ်မှဝင်တိုက်မိ (၃) ဦးဒဏ်ရာရ

0
218

မွန်ပြည်နယ်၊ သထုံမြို့အထွက်တွင် အောက်တိုဘာ (၄) ရက် ညပိုင်းက လမ်းလျှောက်လာသူအား ဆိုင်ကယ်တစ်စီးမှ ဝင်တိုက်မိခဲ့ကြောင်း အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ ည (၆) နာရီ (၄၅) မိနစ်ခန့်က သထုံမြို့အထွက် ရေစက်ပိုင်းတွင် သထုံဘက်မှ ရင်ငြိမ်းဘက်သို့ မောင်းနှင်လာသည့်ဆိုင်ကယ်မှ လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ပေါ်မှာ (၂) ယောက်ပါတယ်။ အသက် (၁၈)နှစ်နဲ့(၁၉)နှစ်လောက်တွေပါ။ သူတို့နှစ်ယောက်လုံးမှာ တစ်ယောက်က နဖူးဖူးယောင်သွားတယ်။ နောက်တစ်ယောက်က ခေါင်းနည်းနည်းထိတယ်။ ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာတွေရတယ်။ နောက်လမ်းလျှောက်နေတဲ့ အသက် (၃၅) နှစ်လောက် အမျိုးသားကတော့ ညာဘက်ခြေထောက်နဲ့ညာဘက်လက်မှာ ပွန်းပဲ့ဒဏ်ရာတွေရသွားတယ်”ဟု လူမှုကူညီရေအသင်းဝင် တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ (၃) ဦးအား အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် သထုံမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here