မြဝတီမြို့တွင် လင်မယားနှစ်ဦး နေအိမ်အတွင်း၌ ပစ်-ခတ်ခံရမှုကြောင့်သေ-ဆုံးခဲ့

0
390

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် လင်မယားနှစ်ဦး နေအိမ်အတွင်း၌ ပစ်-ခတ်ခံရ၍ သေ-ဆုံးသွားခဲ့မှု ယနေ့ အောက်တိုဘာ (၅) ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် (၇) နာရီခွဲခန့်က မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ပန်းခြံ(၃)လမ်းရှိ နေအိမ်တစ်လုံးအတွင်း၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေ-ဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား တွေ့ရှိခဲ့ရကြောင်းသတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်နေအိမ်၌ နေအိမ်ပိုင်ရှင် ကိုသန်းထိုက်အောင် (၃၄)နှစ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ၎င်း၏ ဇနီးဖြစ်သူ မနှင်းနှင်းဝေ(၂၁)နှစ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေကာ နေအိမ်အတွင်းရှိ အိမ်အသုံးအဆောင်ပစ္စည်းများမှာလည်း မွှေနှောက်ထားသည့်အနေအထားရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here