ပူတာအို ရေခဲတောင်တက် ခရီးစဉ်စတင်နိုင်ရန် ဆောင်ရွက်နေ

0
865

ကချင်ပြည်နယ်၊ ပူတာအိုဒေသ ရေခဲတောင်တက်ခရီးစဉ်ကို ယခုလအတွင်း စတင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းခရီးသွားဧည့်သည့်အချို့သည် ပူတာအိုခရီးစဉ်အတွက် ဘိုကင်ချိတ်ဆက်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

ကချင်ပြည်နယ်အတွင်း၌ ပြည်တွင်း၊ ပြည်ပခရီးသွား ဧ ည့်သည်များ စိတ်ဝင်စားမှုများပြားသည့် ပူတာအိုဒေသ ရေခဲတောင်တက်ခရီးစဉ်၊ အင်းတော်ကြီးဒေသရှိ သဘာဝ အခြေခံခရီးစဉ်နှင့် မြစ်ဆုံဒေသ ခရီးစဉ်စသည့် ခရီးစ ဉ်ဒေသ များစွာရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သ ည် (၃) သိန်းနီးပါး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာလ မတိုင်မီ ၂၀၁၉ ခုနှစ်အတွင်း (၆၄၂)ဦး လာရောက်ခဲ့သဖြင့် တစ်နှစ်အတွင်း ခရီးသွား (၆၂) ရာခိုင်နှု န်းတိုးတက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှစ၍ ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွာများ ဝင်ရောက်မှုမရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here