Monday, January 27, 2025

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဇန်နဝါရီလကုန်ပိုင်းအတွင်း...

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက် စာမျက်နှာမှ...

အစ္စရေး စစ်သမီးလေးဦးကို ဟားမတ်စ်က ထပ်လွှတ်ပေး

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်သည် အစ္စရေးအမျိုးသမီးစစ်သည် လေးဦးကို ဂါဇာရှိ နိုင်ငံတကာကြက်ခြေနီကော်မတီ(အိုင်စီအာစီ) သို့ စနေနေ့တွင် လွှဲပြောင်းပေးလိုက်ပြီး အပြန်အလှန်အားဖြင့် ပါလက်စတိုင်းအကျဉ်းသား ၂၀၀...

ထိုင်းက အွန်လိုင်းလိ-မ်ည-ာမှုဆိုင်ရာ အကြံပေးဗီဒီယို ထုတ်လွှင့်

ထိုင်းနိုင်ငံ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရိုသည် ခရီးသွားများကို အွန်လိုင်းလူလိ-မ်များ၏ လှည့်ကွက်အတွင်းမကျရောက်စေရေး အကြံပြုချက် သုံးခုပါဝင်သည့် ညဏ်ရည်တု(AI) နည်းပညာသုံး မန်ဒရင်းဘာသာစကားပြော ဗီဒီယိုကို ဇန်နဝါရီ...

မလေးသွားမည့် မြန်မာ ၁၀ ဦး...

မလေးရှားနိုင်ငံကို အလုပ်လုပ်ရန်သွားမည့် မြန်မာနိုင်ငံသား ၁၀ ဦးနှင့် ထိုင်းယာဉ်မောင်း နှစ်ဦးတို့သည် ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာပြည်နယ် ချန်နာခရိုင်တွင် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ လူဝင်မှုကြီးကြပ်ရေးဌာန အဖွဲ့တစ်ဖွဲ့နှင့်...
HomeNewsLocal Newsတာမွေမြို့နယ်ရှိ 1 Stop...

တာမွေမြို့နယ်ရှိ 1 Stop Mart အတွင်း လုယက်ရန်ကြံစည်သည့် လူငယ် ၄ ဦးအနက် ၃ ဦးကိုဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ဩဘာလမ်းနှင့်ဒဂုံသီရိလမ်းထောင့်ရှိ 1 Stop Mart အတွင်းဝင်ရောက်၍ ဓ-ား-ပြ ခြိမ်းခြောက်ကာလုယက်ရန်ကြံစည်သည့် လူငယ် ၄ ဦးအနက် ၃ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်သည် အောက်တိုဘာ ၄ ရက်ည ၆ နာရီကျော်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူငယ် ၄ ဦးမှ 1 Stop Mart အတွင်းသို့ဝင်ရောက်လာကာ ဓ-ား-ပြခြိမ်းခြောက်၍လုယက်ရန်ကြံစည်စဥ် အခင်းဖြစ်နေရာအနီးနေသူများကတွေ့ရှိခဲ့ရာ လူငယ် ၄ ဦးမှ ထိုဝန်ထမ်းအမျိုးသမီး ၂ ဦးအား ဓ-ားဖြင့်ထောက်၍ ထွက်ပြေးရန်ကြိုးစားခဲ့ကြကြောင်း သိရသည်။

“ကလေးအရွယ်လေးတွေပါ အသက်(၁၅)နှစ်လောက်လေးတွေပဲရှိသေးတယ် အနားကလူတွေကမြင်သွားတော့ ဝန်ထမ်းအမျိုးသမီး ၂ ယောက်ကိုဓ-ားနဲ့ထောက်ပြီး ထွက်ပြေးဖို့လုပ်တယ် ရဲတွေလည်းရောက်လာပြီး ပတ်ဝန်းကျင်ကလူတွေနဲ့ဝိုင်းဖမ်းလိုက်တဲ့အတွက် ၃ ယောက်ကိုဖမ်းမိခဲ့ပါတယ် ဓ-ားရှည် ၁ ချောင်းနဲ့ ဓ-ားမြှောင် ၂ ချောင်းလည်း သိမ်းဆည်းရမိခဲ့တယ် ၁ ယောက်ကတော့လွတ်သွားတယ်”ဟု တာမွေမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ လုယက်ရန်ကြံစည်ရာမှ ဖမ်းဆီးရမိခဲ့သည့် လူငယ် ၃ ဦးအား တာမွေမြို့မရဲစခန်းကအမှုဖွင့်ကာ စစ်ဆေးလျက်ရှိပြီး ထွက်ပြေးလွတ်မြောက်သွားသည့် လူငယ်အားဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူငယ် ၃ ဦးအားဖမ်းဆီးရမိခဲ့သည့်ဖြစ်စဥ်၌ လုယက်ရန်ကြံစည်နေခြင်းကို 1 Stop Mart ၏ Control Center မှသိရှိခဲ့၍ ရဲတပ်ဖွဲ့ထံဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဇန်နဝါရီလကုန်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးအနည်းငယ်ရွာသွန်းနိုင်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ခန့်မှန်းရေးသားချက်အရ သိရသည်။ ဇန်နဝါရီ(၂၇) ရက်မှ (၃၀) ရက်အတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ပူတာအို၊ ဖားကန့်၊ မိုးကောင်း၊ နောင်မွန်း၊ မချမ်းဘော၊ ချီဖွေ၊ တနိုင်း၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ ကန်ပိုက်တီးမြို့နယ်တို့တွင် အချိန်အခါမဟုတ် မိုးအနည်းငယ်ရွာနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့ုပြင် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ လားရှိုး၊...

အစ္စရေး စစ်သမီးလေးဦးကို ဟားမတ်စ်က ထပ်လွှတ်ပေး

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်သည် အစ္စရေးအမျိုးသမီးစစ်သည် လေးဦးကို ဂါဇာရှိ နိုင်ငံတကာကြက်ခြေနီကော်မတီ(အိုင်စီအာစီ) သို့ စနေနေ့တွင် လွှဲပြောင်းပေးလိုက်ပြီး အပြန်အလှန်အားဖြင့် ပါလက်စတိုင်းအကျဉ်းသား ၂၀၀ ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်းလူမျိုးများစွာနှင့် ဟားမတ်စ်လက်နက်ကိုင် ဒါဇင်များစွာ ဝိုင်းရံထားခဲ့သည့် ဓ-ါးစာခံလေးဦးကို ဂါဇာစီးတီးရှိ စင်မြင့်တစ်ခုပေါ် ပို့ဆောင်ပေးခဲ့သည်။ စင်မြင့်ထက်မှ သူတို့လေးဦးက ပြုံးပြကာ လက်ပြနှုတ်ဆက်ခဲ့ပြီးနောက် အိုင်စီအာစီ ယာဉ်ဆီသို့ ခေါ်ဆောင်သွားခဲ့ကာ ယင်းနောက် အစ္စရေးတပ်ဖွဲ့များထံ ပို့ဆောင်ပေးခဲ့သည်။ ဂါဇာတွင် စစ်သမီးလေးဦးကို လက်ခံရရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ၁၅ လကြာလာပြီဖြစ်သော...

ထိုင်းက အွန်လိုင်းလိ-မ်ည-ာမှုဆိုင်ရာ အကြံပေးဗီဒီယို ထုတ်လွှင့်

ထိုင်းနိုင်ငံ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရိုသည် ခရီးသွားများကို အွန်လိုင်းလူလိ-မ်များ၏ လှည့်ကွက်အတွင်းမကျရောက်စေရေး အကြံပြုချက် သုံးခုပါဝင်သည့် ညဏ်ရည်တု(AI) နည်းပညာသုံး မန်ဒရင်းဘာသာစကားပြော ဗီဒီယိုကို ဇန်နဝါရီ ၂၅ ရက်တွင် စတင်ထုတ်လွှင့်ပေးလိုက်သည်။ “လက်ရှိအနေအထားမှာတော့ လူလိ-မ်တွေက ထိုင်းနယ်စပ်မှာ သူတို့အခြေစိုက်နေရာတွေကို ထူထောင်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ မက်ဆေ့ချ်မျိုး ဒါမှမဟုတ် ကြော်ငြာမျိုး လက်ခံရရှိခဲ့ရင် သတင်းအချက်အလက်ကို သေချာလေးစစ်ဆေးကြပါ” ဟု ဗျူယိုအကြီးအကဲ ရဲ ဒုတိယဗိုလ်ချုပ်ကြီး Trairong Piwpan က ပြောဆိုသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် လူလိ-မ်များ၏ သားကောင်မဖြစ်စေရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071