မင်္ဂလာဒုံမြို့နယ်၌ အမျိုးသားတစ်ဦးအား ကားတစ်စီးမှဝင်တိုက်ပြီးမောင်းပြေးသွား ကားတိုက်ခံရသူ‌ေ-သ-ဆုံး

0
153

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီးပေါ်တွင် အောက်တိုဘာ ၅ ရက်(ယနေ့)ည ၆ နာရီ ၄၅ မိနစ်ခန့်က ကားတစ်စီးမှအမျိုးသားတစ်ဦးအားဝင်တိုက်ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

“အမှတ်(၃)လမ်းမကြီးပေါ်က ရတနာ စက်သုံးဆီအရောင်းဆိုင်နားမှာဖြစ်သွားတာ ဝင်တိုက်တဲ့ကားကမောင်းပြေးသွားတယ် တိုက်ခံရတဲ့လူက အသက်(၃၀)ကျော်လောက်ရှိပြီ အခင်းဖြစ်နေရာမှာပဲ‌ေ-သ-ဆုံးသွားပါတယ် ‌ေ-သ-ဆုံးသူကဘယ်သူလဲ ဘယ်ကလဲဆိုတာမသိရသေးပါဘူး”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ‌ေ-သ-ဆုံးသူ၏ရုပ်အလောင်းအား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ မေဓာဝီဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here