ညောင်ရွှေမြို့နယ် သာစည်ကန်အတွင်း လှေတိမ်းမှောက်မှုကြောင့် အမျိုးသား (၁)ဦး ရေနစ်‌ေသ-ဆုံး

0
271

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာရှိ သာစည်ကန်အတွင်း လှေတိမ်းမှောက်မှု ဖြစ်ပွားကာ အမျိုးသား(၁)ဦး ရေနစ်‌ေသ-ဆုံးခဲ့ကြောင်း ညောင်ရွှေမြို့နယ် မီးသတ်စခန်းမှ သိရသည်။

ယနေ့ အောက်တိုဘာ (၅) ရက် နေ့လယ် (၁) နာရီ (၅) မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညောင်ရွှေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် တာဝန်ရှိသူများမှ သွားရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ် နေရာသို့ ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသွားရောက်ကာ ရပ်ကွက်ရှိ ပြည်သူများနှင့်အတူ ပူပေါင်း၍ ရှာဖွေကယ်ဆယ်ရာ (၂) နာရီခွဲအချိန်တွင် ရေနစ်သူ အမျိုးသား၏ ရုပ်အ-လောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းအမျိုးသား၏ ရုပ်အ-လောင်းအား ရွှေမေတ္တာလူမှုကယ်ဆယ်ရေး အသင်းယာဉ်ဖြင့် ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here