ထိုင်းဈေးဝယ်စင်တာ၌ ပစ်-ခတ်သူ အားသေ-နတ်ရောင်းပေးခဲ့သူလေးဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

0
226
Two men accused of selling a gun to a 14-year-old suspected of carrying out a shooting attack at Bangkok Siam Paragon mall arrive for questioning at Yannawa Police Station in Bangkok on October 5, 2023. - Officers in Yala province in Thailand's deep south arrested the two men earlier that day. (Photo by Lillian SUWANRUMPHA / AFP)

ဘန်ကောက်၊အောက်တိုဘာ ၅

ဘန်ကောက်မြို့ရှိ ဆိုင်ယမ် ပါရာဂွန် ဈေးဝယ်စင်တာ၌ သေ-နတ်ဖြင့်ပစ်-ခတ်သူဟုယူဆရသော အသက် ၁၄ နှစ်အရွယ်သံသယတရားခံအား သေ-နတ်ရောင်းပေးခဲ့သည့်လူ ၄ ဦးအား ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါပစ်-ခတ်မှုဖြစ်စဉ်ကြောင့် လူနှစ်ဦးသေ-ဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိကာ သေ-ဆုံးသူနှစ်ဦးတွင် မြန်မာအမျိုးသမီးတစ်ဦးလည်းပါဝင်သည်ဟုသိရသည်။ကျန်တစ်ဦးမှာမူ တရုတ်အမျိုးသမီးတစ်ဦးဖြစ်သည်ဟုသိရသည်။

ပစ်-ခတ်မှုကျူးလွန်သူလူငယ်ကိုလည်း လူသ-တ်မှု၊တရားမဝင်လက်နက်ကိုင်‌ဆောင်မှုများဖြင့်စွဲချက်တင်ကာ တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်းသိရသည်။ထိုင်းတောင်ပိုင်းရှိ ယာလာခရိုင်မှလူနှစ်ဦးကိုမူ အဆိုပါလူငယ်အား သေ-နတ်ရောင်းပေးသည်ဟူသောသံသယဖြင့် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးထားခဲ့သည်။

“အမှုနဲ့ပတ်သက်ပြီးပိုခိုင်လုံတဲ့သက်သေတွေရဖို့ ရဲတပ်ဖွဲ့က အဲ့ဒီလူနှစ်ယောက်ရဲ့အိမ်ကိုဝင်ရောက်စီးနင်းခဲ့တာပါ” ဟုလည်း ယာလာခရိုင်၏အကြီးတန်းရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါလူနှစ်ဦးအား စစ်ဆေးမေးမြန်းရန်အတွက် ဘန်ကောက်သို့ပို့ဆောင်ထားခဲ့ပြီး ဘန်ကောက်မှ နောက်ထပ်လူနှစ်ယောက်ကိုပါ ထပ်မံဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။

ပြစ်မှုကျူးလွန်သူသည် စိတ်ကျန်းမာရေးအခြေအနေအရ ယခင်က ဆေးကုသမှုခံယူထားရဖူးသူတစ်ဦးဖြစ်သဖြင့် လက်ရှိအချိန်တွင် ၎င်းအား တရားရင်ဆိုင်ရန်သင့်မသင့်သိနိုင်ရန်အတွက် စိတ်ရောဂါပညာရှင်နှင့်စမ်းသပ်စစ်ဆေးနေသည်ဟုလည်းသိရှိရသည်။

Source :CNA
Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here