အိန္ဒိယ၌ရေကြီးရေလျှံ၊ ၁၄ ဦးသေဆုံးကာ ရာနှင့် ချီ ၍ ပျောက်ဆုံးနေ

0
220
This handout photograph released by the Indian Army and taken on October 4, 2023, shows a flooded street in Lachen Valley, in India's Sikkim state following a flash flood caused by intense rainfall. - The Indian army said on October 4 that 23 soldiers were missing after a powerful flash flood caused by intense rainfall tore through a valley in the mountainous northeast Sikkim state. (Photo by INDIAN ARMY / AFP)

နူးဒေလီ၊အောက်တိုဘာ ၅

အိန္ဒိယနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဟိမဝန္တာမှရေခဲကန်တစ်ခု၏ကမ်းပါးပျော်ကျသဖြင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ လူ ၁၄ ဦးသေဆုံးပြီး ၁၀၂ ဦးပျောက်ဆုံးနေကြောင်းသိရသည်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် ဆစ်ကင်မ် ပြည်နယ်ရှိ လိုနတ်က် ကန်၏ကမ်းပါးပြိုကျမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး လူပေါင်းနှစ်သောင်းကျော်၏ဘဝများကိုထိခိုက်ပျက်စီးစေခဲ့သည်ဟုအာဏာပိုင်များကပြောကြားခဲ့သည်။

အာဏာပိုင်များ၏ထုတ်ပြန်ချက်အရကြာသပတေးနေ့အထိ လူပေါင်း ၂၆ ဦးထိခိုက်ဒဏ်ရာရကာ ၁၀၂ ဦးပျောက်ဆုံးနေကြောင်းသိရသည်။ ယင်းတို့အနက် ၂၂ ဦးမှာ ကယ်ဆယ်ရေးလုပ်ငန်း၌ပါဝင်ဆောင်ရွက်နေသည့် တပ်မတော်သားများဖြစ်ကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတား ၁၁ စင်း လည်းမျောပါသွားခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများပါနှောင့်နှေးခဲ့ရသည်ဟုလည်းဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အခြားတောင်တန်းဒေသများအပြင် အိမ်နီးချင်းပါကစ္စတန်နှင့်နီပေါနိုင်ငံများ၏ဒေသများသည်လည်း မကြာသေးမီလများအတွင်းက မိုးသည်းထန်စွာရွာသွန်းမှု၊ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူအများအပြားသေဆုံးခဲ့ကြရသည်။

Source : CNA
Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here