အမေရိက သည် အီရန် ထံမှသိမ်းဆည်းရမိသည့် ခဲယမ်းမီးကျောက်များအား ယူကရိန်းသို့ပို့ဆောင်ထောက်ပံ့ခဲ့ဟုဆို

0
239

ဝါရှင်တန်၊အောက်တိုဘာ ၅

အမေရိကသည် ယမန်နှစ်က အီရန်မှသိမ်းယူရရှိခဲ့သော ခဲယမ်းမီးကျောက် တစ်သန်းကျော်ကို ယူကရိန်းသို့ပေးပို့ထောက်ပံ့ခဲ့သည်ဟု အမေရိကန်စစ်တပ်ကပြောကြားခဲ့သည်။

အမေရိကန်ရေတပ်သည် အီရန်ထံမှဟုယူဆရသည့် ယီမင်ရှိအီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွများထံမှ ခဲယမ်းမီးကျောက်များအား လွန်ခဲ့သည့်နှစ်များစွာကတည်းကသိမ်းဆည်းရမိခဲ့ပြီး ၎င်းခဲယမ်းများကို များသောအားဖြင့် ငါးဖမ်းသင်္ဘောများဖြင့်သယ်ဆောင်လာလေ့ရှိသည်။

အရှေ့အလယ်ပိုင်းရှိ စစ်ဆင်ရေးများအတွက်တာဝန်ယူထားသော အမေရိကန်ဗဟိုဌာနချုပ်ကမူ ၇ ဒသမ ၆ မမ ကျည်တောင့် ၁ ဒသမ ၁ သန်းအား ယူကရိန်းသို့ပို့ဆောင်ထောက်ပံ့ခဲ့သည်ဟုပြောကြားခဲ့သည်။

၎င်းတို့သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက အမေရိကန်ရေတပ်မှ သိမ်းဆည်းမိခဲ့ခြင်းဖြစ်ပြီး အီရန်တော်လှန်ရေးအစောင့်တပ်မှ ယီမင်ရှိ ဟူသီတပ်ဖွဲ့များသို့လွှဲပြောင်းပေးခဲ့သည်များကို သိမ်းဆည်းရမိခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here