Air Thanlwin လေကြောင်းလိုင်းမှ နေပြည်တော် – ရန်ကုန်ခရီးစဉ်နှင့် နေပြည်တော် – လားရှိုး ခရီးစဉ် စတင်ပျံသန်း

0
399

Air Thanlwin လေကြောင်းလိုင်းမှ ခရီးစဥ်အသစ်ဖြစ်သည့် နေပြည်တော် – လားရှိုး ခရီးစဉ်နှင့် နေပြည်တော် – ရန်ကုန် လေကြောင်း ခရီးစဥ်သစ်အား အောက်တိုဘာ (၂) ရက်မှစတင်ကာ တိုးချဲ့ပျံသန်းပြေးဆွဲပေး‌နေပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ တိုးချဲ့ပြေးဆွဲရာတွင် အပတ်စဥ် တနင်္လာနေ့ ညနေ တိုင်း လားရှိုး – နေပြည်တော် ခရီးစဉ်နှင့် နေပြည်တော် – ရန်ကုန် ခရီးစဉ်ကို ST 730 လေယာဥ်ဖြင့် ပျံသန်းပြေးဆွဲ မည်ဖြစ်ပြီး ညနေ ၄ နာရီခွဲတွင် လားရှိုးလေဆိပ်မှ စတင်ထွက်ခွာကာ နေပြည်တော်လေဆိပ်သို့ ညနေ ၅ နာရီ ၃၅ မိ နစ်၌ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ နေပြည်တော် – ရန်ကုန် ခရီးစဉ်ကိုလည်း ညနေ ၅ နာရီ ၅၀ မိနစ်တွင် နေပြည်တော် လေဆိပ်မှ စတင်ထွက်ခွာ၍ ရန်ကုန်လေဆိပ်သို့ ည ၆ နာရီ ၄၅ မိနစ်တွင် ဆိုက်ရော က်မည်ဖြစ်သည်။

အပတ်စဉ် သောကြာနေ့ နံနက် ၇ နာရီတွင် ST 413 လေယာ ဉ်ဖြင့် ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာ၍ နေပြည်တော်လေ ဆိပ်သို့ နံနက် ၇ နာရီ ၅၅ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ကာ ST 414 လေယာဥ်ဖြင့် နေပြည်တော်လေဆိပ်မှ နံနက် ၈ နာ ရီ ၁၀ မိနစ်တွင်စတင်ထွက်ခွာ၍ ရန်ကုန်လေဆိပ်သို့ နံ နက် ၉ နာရီ ၅ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here