ပရီဂိုဇင် ၏ လေယာဉ်သည် ပြင်ပသက်ရောက်မှု တစ်စုံတစ်ရာကြောင့် ပျက်ကျခြင်းမဟုတ်ဟု ပူတင်ပြောကြား

0
236

ဝက်ဂနာ ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာ ကုမ္ပဏီကို တည်ထောင်သူ ပရီဂိုဇင်လိုက်ပါစီးနင်းလာသည့် လေယာဉ်သည် ပျက်ကျခြင်းမပြုမီ ပြင်ပသက်ရောက်မှု တစ်စုံတစ်ရာ မရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။

“ကျွန်တော်သိပါတယ်၊ ကုမ္ပဏီရဲ့ခေါင်းဆောင်ပိုင်းနဲ့ ပတ်သက်ပြီး မေးရမယ့်မေးခွန်းတစ်ခု ရှိကောင်းရှိနိုင်ပါတယ်။ လေယာဉ်ပျက်ကျမှုအကြောင်း စုံစမ်းစစ်ဆေးရေးကော်မတီ အကြီးအကဲက မနေ့ကပဲ ကျွန်တော့်ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ လက်ပစ်ဗုံးအပိုင်းအစတွေ တွေ့ရှိခဲ့ပါတယ်။ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီကစစ်ဆေးမှုရဲ့ ရလဒ်ကတော့ ခိုင်လုံတဲ့ အချက်အလက်တစ်ခုပါ။ လေယာဉ်ပျက်ကျမှုမှာ ပြင်ပက သက်ရောက်မှု မရှိခဲ့ပါဘူး ” ဟု ပူတင်က ပြောကြားခဲ့သည်။

သေ-ဆုံးသူများ၏ ရုပ်အ-လောင်းများကို အရက်နှင့် မူးယစ်ဆေးဝါး စစ်ဆေးမှု မပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပေမယ့် ဝမ်းနည်းစရာကောင်းတာက သေ-ဆုံးသူရဲ့သွေးထဲမှာ အရက် ဒါမှမဟုတ် မူးယစ်ဆေးဝါးတွေ ရှိမရှိ ဆုံးဖြတ်ဖို့ စမ်းသပ်မှုတွေ မလုပ်ခဲ့ပါဘူး။ စိန့်ပီတာစဘတ်မြို့က ဝက်ဂနာ ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာ ကုမ္ပဏီရုံးခန်းမှာတော့ ရူဘယ်ဆယ်ဘီလီယံနှင့်အတူ ကိုကင်းငါးကီလိုဂရမ်ကို FSB [ဖက်ဒရယ်ပြည်ထောင်စု၊ လုံခြုံရေးဝန်ဆောင်မှု]က ရှာဖွေ တွေ့ရှိခဲ့ပါတယ်”ဟုလည်း သမ္မတပူတင်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here