တောင်ဥက္ကလာပ သံသုမာလမ်းမပေါ်တွင် ကားနှစ်စီးတိုက်မိပြီး တစ်စီးတိမ်းမှောက်

0
175

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊သံသုမာလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၅ ရက်ည ၁၁ နာရီခန့်က ကားနှစ်စီးတိုက်မိခဲ့ကာ တစ်စီးတိမ်းမှောက်သွားခဲ့ကြောင်း Medical လူငယ်များအသင်း(ရန်ကုန်)မှ သိရသည်။

“Light Truck ကားပုံစံမျိုးကားနဲ့ Probox ကား မြင်သာစျေးမှတ်တိုင်နားမှာတိုက်မိတာ Light Truck ကားကမှောက်သွားတယ် Probox ကကြတော့တိုက်မိတဲ့အရှိန်နဲ့လမ်းဘေးက ဓာတ်တိုင်ကိုဝင်တိုက်မိသွားတယ် နှစ်စီးလုံးပျက်စီးတာတွေများတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် အမျိုးသားတစ်ဦး၌ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ကောင်းမှုဆောင်ပရဟိတအသင်းမှ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ည ၁၁ နာရီခွဲခန့်ကလည်း ရန်ကင်းမြို့နယ်ရှိ ရန်ကင်းစင်တာရှေ့တွင် အိမ်စီးကား ၂ စီးတိုက်မိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများအား လူမှုကူညီရေးအသင်းများမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-Medical လူငယ်များ/လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here