မီတာ ၁၀၀၀ နဂါးလှေပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်း ကြေးဆုရပြီး အမျိုးသမီးအသင်း ဗိုလ်လုပွဲသို့သာတက်ရော က်နိုင်ခဲ့

0
179

တရုတ်နိုင်ငံတွင် ကျင်းပနေသော (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ နဂါးလှေပြိုင်ပွဲ မီတာ (၁၀၀၀) ပွဲစဉ်များ ယှဉ်ပြိုင်မှုအပြီးတွင် မြန်မာအမျိုးသားအသင်း ကြေးဆုရပြီး အမျိုးသမီးအသင်း ဗိုလ်လုပွဲသို့သာတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၆) ရက်တွင် ယှဉ်ပြိုင်သည့် အမျိုးသားမီတာ (၁၀၀၀) ပထမအဆင့်တွင် မြန်မာအသင်းက ဒုတိယနေရာမှ ပန်းဝင်ခဲ့ပြီး ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

မြန်မာအမျိုးသားအသင်းသည် ဗိုလ်လုပွဲတွင် စံချိန် (၄.၃၂. ၉၅၉)စက္ကန့်ဖြင့် တတိယမှ ပန်း၀င်ခဲ့ပြီး တတိယဆုကို ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသား မီတာ ၁၀၀၀ နဂါးလှေပြိုင်ပွဲဖိုင်နယ်တွင် ရွှေတံဆိပ်ကို အင်ဒိုနီးရှား၊ ငွေတံဆိပ်ကို အိမ်ရှင်တရုတ်၊ ကြေးတံဆိပ်ကို မြန်မာအသင်းတို့က ရရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးနဂါးလှေပြိုင်ပွဲမီတာ (၁၀၀၀) ပထမအဆင့်တွင် မြန်မာက တတိယနေရာမှ ပန်းဝင်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ဒုတိယနေရာမှ ပန်းဝင်ခဲ့ကာ ဖိုင်နယ်သို့တက်ရောက်သွားခဲ့သည်။

ဗိုလ်လုပွဲတွင် စံချိန် (၄.၅၉.၂၄၈) စက္ကန့်ဖြင့်သာ နောက်ဆုံးမှ ပန်းဝင်ခဲ့သည့်အတွက် ဆုတံဆိပ်များနှင့် လွဲချော်ခဲ့ကြောင်း သိရသည်။

ပထမရွှေတံဆိပ်ကို အိမ်ရှင်တရုတ်၊ ဒုတိယငွေတံဆိပ်ကို အင်ဒိုနီးရှားနှင့် တတိယကြေးတံဆိပ်ဆုကို တောင်ကိုရီးယားအသင်းတို့က ရရှိခဲ့ကြောင်း သိရသည်။

အာရှအားကစားပြိုင်ပွဲ၏ နဂါးလှေပြိုင်ပွဲ ပွဲစဉ်အားလုံးအပြီးတွင် မီတာ (၁၀၀၀) ပြိုင်ပွဲ၌ မြန်မာအမျိုးသားအသင်းက ကြေးတံဆိပ်‌ဆုနှင့် မီတာ (၅၀၀) ပြိုင်ပွဲ၌ အမျိုးသမီးအသင်းက ကြေးတံဆိပ်ဆုရယူနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here