ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသား (၆) ဦး ဖမ်းဆီးခံရ

0
204

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် မြန်မာနိုင်ငံသား(၆)ဦးကို ဖမ်းဆီးအရေးယူထားကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်နိုင်ငံသားများ နေထိုင်မှူရှိသည့် နေရာများကို စီမံချက်ဖြင့် ဝင်ရောက်စီးနင်းခဲ့ရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ဝင်ရောက်စီးနင်း ရှာဖွေရာ အောက်တိုဘာ (၅) ရက်က တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား (၆) ဦးကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား (၆) ဦးကို နိုင်ငံအတွင်း တရားဝင်အထောက်အထား စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်နေထိုင်မှုဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here