မလွှကုန်းဘူတာ ရထားလမ်းပေါ်တွင် အမျိုးသား (၁) ဦး ရထားကြိ-တ်ခံရမှု ဖြစ်ပွား

0
302

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းဘူတာ၊ ရထားလမ်းပေါ်တွင် အမျိုးသား (၁) ဦး ရထားကြိ-တ်ခံရမှု ဖြစ်ပွားခဲ့ရကြောင်း မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေး အသင်းမှ သိရသည်။

အောက်တိုဘာ (၅)ရက် ည (၁၀) နာရီခန့် အချိန်က မလွှကုန်းဘူတာ ရထားလမ်းပေါ်တွင် အမျိုးသား (၁) ဦး ရထားကြိ-တ်ခံရသည့်အတွက် ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း သတင်းပေးအကူအညီတောင်းခံမှုအရ မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေး အသင်းမှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

“ရထားကြိ-တ်ခံရတာ။ လူနာကတော့ အသက်အန္တရာယ်စိုးရိမ်စရာ မရှိပါဘူး”ဟု မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖြစ်စဥ်ဖြစ်ပွားရာ နေရာသို့ မင်္ဂလာတောင်ညွန့်လူငယ် လူမှု ကူညီကယ်ဆယ်ရေးအသင်းမှ အချိန်နှင့်တပြေးညီ သွားရောက်ကာ ထိခိုက်ဒဏ်ရာရရှိထားသူ အမျိုးသားအား ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here