မီးလောင်ကျွမ်းခဲ့သည့် EV ကားသည် ပိုင်ရှင်မှ ကားအစိတ်အပိုင်းများအားပြောင်းလဲတပ်ဆင်ထားမှုများကြောင့်သာ ဖြစ်ကြောင်း KSD Myanmar ထုတ်ပြန်

0
465

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် အောက်တိုဘာ (၅) ရက်ည (၁၁) နာရီခန့်က ဖြစ်ပွားခဲ့သည့် EV ကားတစ်စီး အားသွင်းထားစဥ် မီးလောင်ခြင်းသည် ပိုင်ရှင်မှမိမိ ဆန္ဒအလျှောက် ပြောင်းလဲ တပ်ဆင်ထားမှုကြောင့်သာဖြစ်ပြီး ကုမ္ပဏီမှ ထုတ်လုပ်မှု ပုံစံချို့ယွင်းချက်ကြောင့် မဟုတ်ကြောင်း KSD Myanmar မှ ထုတ်ပြန်ထားသည်။

အဆိုပါ KHAING KHAING SANGDA GROUP LIMITED မှ ထုတ်လုပ်ရောင်းချသော KSD အမှတ်တံဆိပ် KSDV1- NE1 အမျိုးအစား EV ကားမီးလောင်မှုအား ကုမ္ပဏီမှတာဝန်ရှိသူများက ယနေ့ အောက်တိုဘာ (၆) ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြပြီးဖြစ်ကြောင်းလည်း ကုမ္ပဏီဘက်က ထုတ်ပြန်အသိပေးထားသည်။

အဆိုပါ KSDV1-NE1 အမျိုးအစား EV ကားအား ကုမ္ပဏီမှ ရောင်းချခဲ့စဥ်က Battery ကုန်ပါက အားသွင်းသည့်နေရာသို့ သွားရောက်ရန်(10-15 Kilometer)ခန့် မောင်းနှင်အသုံးပြုနိုင်မည့် (200 cc) မီးစက်အင်ဂျင်အသေး တစ်လုံးတပ်ဆင်ပေးထားကြောင်း ကုမ္ပဏီ၏ ဖြေရှင်းချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ညက မီးလောင်ခဲ့မှုဖြစ်ပွားပြီးနောက် EV ကားအား ကုမ္ပဏီမှ တာဝန်ရှိသူများက စစ်ဆေးရာတွင် ပိုင်ရှင်မှ မိမိသဘောဖြင့် (660 cc)အင်ဂျင်နှင့် ဂီယာဘောက် တပ်ဆင်ပြီး ၊ Battery Charging သွင်းသည့်စနစ်နှင့် ဝါယာရိန်းစနစ်အားပြောင်းလဲတပ်ဆင်အသုံးပြုထားသည်ကိုတွေ့ရှိရကြောင်း KSD Myanmar က ဆိုသည်။

ထို့ကြောင့် ကားမီးလောင်မှုဖြစ်စဥ်သည် ကုမ္ပဏီ၏ မူလထုတ်လုပ်မှုပုံစံ ချို့ယွင်းချက်ကြောင့် မဟုတ်ဘဲ ပိုင်ရှင်မှ မိမိသဘောဖြင့် ပြောင်းလဲတပ်ဆင်မှုမှတဆင့် မီးလောင်မှုဖြစ်ပွားရခြင်းသာ ဖြစ်ကြောင်း KSD Myanmar က ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here