ပြင်ဦးလွင်မြို့နယ်တွင် ကြက်စာအိတ်များ သယ်လာသည့်ကားတိမ်းမှောက်၍ (၃) ဦးဒဏ်ရာရ

0
218

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင် – မန္တလေးအဆင်းလမ်းတွင် ယနေ့အောက်တိုဘာ (၆) ရက် နံနက်ပိုင်းက ကြက်စာအိတ်များ သယ်လာသည့်ကား တိမ်းမှောက်သွားခဲ့ကြောင်း သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

“မန္တလေးအဆင်းလမ်းက ပိုးချည်စက်ရုံနားမှာ မှောက်သွားတာ။ ကြက်စာအိတ်တွေရယ်၊ ကြက်ဥကတ်တွေရယ် တင်လာတာပါ။ ကားပေါ်မှာပါတဲ့ (၃) ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က စိုးရိမ်ရတဲ့ အနေအထားရှိပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ (၃) ဦးအား သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးကာ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သန္တိသုခအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here