ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်အိမ်မှ ကျပ်ငွေ ၂၉၈ သိန်း တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
178

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်၊ ၆၉ လမ်း၊ ၁၀၇ x ၁၀၈ လမ်းကြားရှိ နေအိမ် တစ်အိမ်မှ ကျပ်ငွေ ၂၉၈ သိန်း တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာ (၄) ရက် ည (၈) နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်ရှိ သန်း၀င်း၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ သန်းဝင်းနှင့်အတူ နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် (၄၄၀) ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၁၀)၊ စိတ်ကြွရူးသွပ်ဆေးပြား (၉၄၀၀) ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈၈ သိန်း) နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အရ သန်း၀င်း(၄၃) နှစ်အား အမှတ်(၁၁)နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here