ရုရှား – အာဆီယံ စီးပွားရေးကောင်စီနှင့် ရုရှား – မြန်မာစီးပွားရေးကောင်စီတို့၏ အခန်းကဏ္ဍများကို ဆွေးနွေး

0
181

ရုရှား – အာဆီယံ စီးပွားရေးကောင်စီနှင့် ရုရှား – မြန်မာစီးပွားရေးကောင်စီတို့၏ အခန်းကဏ္ဍများကို ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် ရုရှား-အာဆီယံစီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Ivan Polyakov တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ရုရှား – အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Ivan Polyakov အား အောက်တိုဘာ (၅) ရက်နံနက် (၁၁) နာရီခွဲက မော်စကိုမြို့ရှိ ရုရှား – အာဆီယံ စီးပွားရေးကောင်စီရုံးသို့ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဥ် ရုရှား-မြန်မာနှစ်နိုင်ငံဆက်ဆံရေးနှင့်နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ရုရှား – အာဆီယံ စီးပွားရေးကောင်စီနှင့် ရုရှား – မြန်မာစီးပွားရေးကောင်စီတို့၏ အခန်းကဏ္ဍ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ရုရှား – မြန်မာ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Alexey Shuplov ၊ ရုရှား – အာဆီယံစီးပွားရေးကောင်စီ၏ ဒု-ဥက္ကဋ္ဌ Mr. Alexey Kalashnik ၊ CEO Mr. Daniyar Akk aziev နှင့် မြန်မာသံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here