သမ္မတသက်တမ်းအတွင်း အကြိမ် ၂၀ မြောက်မွေးနေ့အခမ်းအနား ပူတင်ကျင်းပမည်

0
147

ယနေ့ စနေနေ့တွင် အသက် ၇၁ နှစ်ရှိပြီဖြစ်သည့် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် သမ္မတသက်တမ်းအတွင်း အကြိမ် ၂၀ မြောက် သူ၏မွေးနေ့အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အောက်တိုဘာလ ၇ ရက်နေ့သည် ၂၀၂၃ ခုနှစ်အတွင်း ရုရှားနိုင်ငံ၏ တရားဝင် ပိတ်ရက်တစ်ရက်ဖြစ်သော်လည်း ပူတင်သည် ကာဇက်စတန် နှင့် ဥဇဘက်ကစ္စတန် မိတ်ဖက်များဖြစ်ကြသည့် Kassym-Jomart Tokayev နှင့် Shavkat Mirziyoyev တို့နှင့်အတူ ရုရှားနိုင်ငံမှ သဘာ၀ဓာတ်ငွေ့များအား ဥဇဘက်ကစ္စတန်နိုင်ငံဆီသို့ ပို့လွှတ်ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းမှာ ရုရှားနိုင်ငံသမိုင်းတွင် ရုရှားမှဓာတ်ငွေ့ကို ဗဟိုအာရှဒေသသို့ ပထမဦးဆုံး တင်ပို့မှုဖြစ်သည်ဟု သောကြာနေ့တွင် ပူတင်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here