အီရန်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိ

0
224

၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အီရန်အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ Narges Mohammadi အား ချီးမြှင့်လိုက်ကြောင်း နော်ဝေနိုဘယ်ဆုကော်မတီက ကြေညာသည်။

ကော်မတီ၏အဆိုအရ မိုဟာမာဒီသည် အီရန်ရှိ အမျိုးသမီးများဖိနှိပ်ခြင်းခံနေရမှုကို တွန်းလှန်ရန်နှင့် လူသားတစ်ရပ်လုံး၏လူ့အခွင့်အရေးနှင့် လွတ်လပ်မှုကို မြှင့်တင်ရန် သူမ၏ တိုက်ပွဲအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခြင်းဖြစ်ကြောင်းသိရသည်။

နော်ဝေနိုဘယ်ကော်မတီ၏ အကြီးအကဲ Berit Reiss-Andersen က အဆိုပါဆုသည် အီရန်၏ ခွဲခြားဆက်ဆံမှုနှင့် အမျိုးသမီးများအပေါ် ဖိနှိပ်မှုများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသော သိန်းနှင့်ချီသည့် ပြည်သူများကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ သူမ၏အဆိုအရ၊ ဆန္ဒပြသူများ၏ “Woman-Life-Freedom” ဆိုသော ဆောင်ပုဒ်သည် Mohammadi ၏အလုပ်အားထင်ဟပ်စေကြောင်းသိရသည်။

အီရန်အာဏာပိုင်များသည် အီရန်အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ Narges Mohammadi အား ၁၃ ကြိမ်တိုင်တိုင် ဖမ်းဆီးခဲ့ပြီး၊ ၅ ကြိမ် ပြစ်ဒဏ်ချမှတ်ခဲ့ကာ ယနေ့အချိန်အထိ သူမအား စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ် ချမှတ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here