ဘန်ကောက်မြို့ Siam Paragon ဈေးဝယ်စင်တာတွင် ဖြစ်ပွားခဲ့သည့် ပစ်-ခတ်မှုမှ ကျူးလွန်သူ အမျိုးသားငယ်၏ မိဘနှစ်ပါးမှ ဝမ်းနည်းကြောင်းနှင့် လေးလေးနက်နက် တောင်းပန်

0
212

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာတွင် ဖြစ်ပွားခဲ့သည့် ပစ်-ခတ်မှုမှ ကျူးလွန်သူ ထိုင်းနိုင်ငံသား အသက် ၁၄ နှစ်အရွယ် အမျိုးသားငယ်၏ မိဘနှစ်ပါးမှ ဖြစ်ပွားခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ ဝမ်းနည်းကြောင်းနှင့် လေးလေးနက်နက် တောင်းပန်လိုက်ကြောင်း သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Pak Kret၊ Nonthaburi ရှိ Phasukmanijak ဘုရားကျောင်းတွင် ပြုလုပ်ထားသည့် မြန်မာအလုပ်သမား မမိုးမြင့် ဈာပနကို ပစ်ခတ်မှု ကျူးလွန်သူ အသက် ၁၄ နှစ်အရွယ် အမျိုးသားငယ်၏ မိဘနှစ်ပါးမှ အောက်တိုဘာ ၆ ရက်က လာရောက်ခဲ့ပြီး တောင်းပန်လိုက်ခြင်းဖြစ်သည်။

၎င်းမှာ အလုပ်ရှင်အား နောင်တရကြောင်း ပြောကြားခဲ့ပြီး အဆိုပါ အဖြစ်ဆိုးကြောင့် တုန်လှုပ်ခြောက်ခြားနေသေးသောကြောင့် ယခင်က လာရောက် မတောင်းပန်ကြောင်း ရှင်းပြခဲ့သည်။

“ကျွန်တော့်မိသားစုနဲ့ ကျွန်တော် လေးလေးနက်နက် နောင်တရသလို ခံစားရတယ်။ အလေးအနက်ထား တောင်းပန်အပ်ပါသည်။ ပစ်-ခတ်မှုလုပ်ရပ်ကြောင့် သေ-ဆုံးသူများ၏ မိသားစုများနှင့် ဒဏ်ရာရသူများ၊ အများပြည်သူ၊ ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းနှင့် စတိုးဆိုင်ပိုင်ရှင်များနှင့် အခင်းဖြစ်ပွားမှုတွင် ပါဝင်ပတ်သက်သူများ သို့မဟုတ် အနီးတစ်ဝိုက်တွင် မည်သည့်နည်းဖြင့်မဆို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီး ဒုက္ခရောက်နေသူများ ထိုင်း၊ တရုတ်၊ မြန်မာ၊ လာအို အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ၊ သူနာပြုတွေ၊ ရဲတွေ၊ အစိုးရအရာရှိများ ယခုဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသည့် အင်အားစု အားလုံးကိုလည်း တောင်းပန်ပါတယ်။”ဟု ဖခင်ဖြစ်သူက ဆိုသည်။

သားဖြစ်သူမှာ အရွယ်မရောက်သေးသူ တရားရုံးက ထုတ်ပြန်သည့် အမိန့်အရ အရွယ်မရောက်သေးသူများ စောင့်ရှောက်ရေး စင်တာတွင် ထိန်းသိမ်းထားပြီး အဖြစ်မှန်ကို ရှာဖွေရာတွင် အာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန်နှင့် အလားတူ အကြမ်းဖက် ဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် ရည်ရွယ်သောကြောင့် အာမခံလျှောက်ထားခြင်း မပြုခဲ့ပါဟုလည်း ၎င်းက ဆက်ပြောသည်။

ဖြစ်ပွားခဲ့သည့် ပစ်-ခတ်မှူအတွင်း ၂ ဦး သေ-ဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ပြီး သေ-ဆုံးမှူတွင် မြန်မာအမျိုးသမီး ၁ ဦး ပါဝင်ခဲ့ရာ ၎င်းကို အောက်တိုဘာ ၈ ရက်တွင် ကောင်းမွန်စွာ သဂြိုလ်ပေးမည်ဖြစ်ကြောင်းနှင့် ထိုင်းအာဏာပိုင်များနှင့် အလုပ်ရှင်မှလည်း ၎င်းအတွက် ကူညီထောက်ပံ့မှူများ ပြုလုပ်ပေးထားကြောင်းလည်း သိရသည်။

သေ-နတ်ဖြင့် ပစ်-ခတ်မှူ ဖြစ်စဉ်များသည် ထိုင်းနိုင်ငံတွင် အဖြစ်များသော ဖြစ်ရပ် တစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း ရဲအရာရှိဟောင်းတစ်ဦး၏ ကျောင်းအတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးငယ် ၂၂ ဦး သေ-ဆုံးခဲ့မှုလည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here