မြန်မာ-ရုရှား နျူကလီးယားနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများရေးထိုး

0
252

မြန်မာ-ရုရှား နျူကလီးယားနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများကို အောက်တိုဘာ ၆ ရက်နံနက်ပိုင်းက ရန်ကုန်နည်းပညာတက္ကသိုလ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံရှိ ရန်ကုန်နည်းပညာတက္ကသိုလ်အပါအဝင် တက္ကသိုလ် ၃ ခုနှင့်ရုရှားနိုင်ငံ National Research Nuclear University (Moscow Engineering Physics Institute- MEPhI)တက္ကသိုလ်တို့ကြား အဏုမြူစွမ်းအင်၊နျူကလီးယားနည်းပညာဘာသာရပ်များ၊သိပ္ပံနည်းပညာနှင့်အင်ဂျင်နီယာဘာသာရပ်များတွင်ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတော်အကျိုးပြုစွမ်းအားစုများအဖြစ် အရည်အသွေးပြည့်မီသော နည်းပညာရှင်များကို မွေးထုတ်ရေးနှင့်ပြည်သူ့အကျိုးပြု သုတေသနများဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အဓိကရည်ရွယ်၍ ရေးထိုးခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျတက်ရောက်ကာ Ranking မြင့်မားသည့် အထင်ကရ MEPhI တက္ကသိုလ်နှင့် မိမိတို့တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရသည်ကိုဝမ်းမြောက်ဂုဏ်ယူပြီး နျူကလီးယားနည်းပညာကဏ္ဍမြင့်မားရေးအတွက် အပြန်အလှန်ဖလှယ်မြှင့်တင်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ရုရှားနိုင်ငံ MEPhI တက္ကသိုလ်နှင့်ရန်ကုန်နည်းပညာတက္ကသိုလ်၊သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့်နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တို့ကြား နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here