မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်၏ ဇနီးသည်ဖြစ်သူ ကေသီဖာဂူဆန်သည် အသက် (၈၄) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရပြီး ၎င်းတို့ ဇနီးမောင်နှံမှာ ၁၉၆၆ ခုနှစ်က လက်ထပ်ခဲ့ကာ ၅၇ နှစ်တိုင် ပေါင်းသင်းနေထိုင်ပြီး သားသုံးယောက် ထွန်းကားခဲ့သည်။
ကေသီဖာဂူဆန်မှာ ဆာအဲလက်စ်၊ သား ၃ ယောက်၊ ညီမ ၂ ယောက်၊ မြေး ၁၂ ယောက်၊ မြစ် ၁ ယောက်ကို ချန်ထားရစ်ကာ မနေ့က ကွယ်လွန်သွားခဲ့ရပြီး မန်ယူအသင်းအနေဖြင့် ကေသီဖာဂူဆန် ကွယ်လွန်ခဲ့ရသည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ယခုတစ်ပတ်ကစားမည့် ပွဲစဉ်များတွင် မန်ယူအိမ်ကွင်း အိုးထရက်ဖို့ဒ်မှ အလံတိုင်များကို တိုင်တစ်ဝက်အထိ လျှော့ချထားမည်ဖြစ်သည်။
ထို့အပြင် ယနေ့ည ကစားမည့် ဘရန့်ဖို့ဒ်နှင့် ပွဲတွင်လည်း လက်ပတ်အနက် ဝတ်ဆင်ကစားမည်ဖြစ်ကာ မန်ယူအမျိုးသမီးအသင်းသည်လည်း အာဆင်နယ်နှင့် ပွဲစဉ်တွင် လက်ပတ်အနက်များကို ဝတ်ဆင်၍ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။