တာချီလိတ်မြို့တွင် ဆွမ်းခံကြွနေသည့် သံဃာတော်တစ်ပါး ဆိုင်ကယ်ဖြင့်တိုက်ခံရပြီး ဆေးကုသမှုခံယူနေစဥ် ပျံလွန်တော်မူသွားခဲ့

0
198

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် အောက်တိုဘာ ၇ ရက်(ယနေ့)နံနက်ပိုင်းက ဆွမ်းခံကြွနေသည့်သံဃာတော်တစ်ပါးအား ဆိုင်ကယ်တစ်စီးမှဝင်တိုက်မိခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က တာချီလိတ်မြို့တွင် ဆွမ်းခံကြွနေသည့် ဟောင်လိတ်လေယာဥ်ကွင်းကျောင်းတိုက်၌ သီတင်းသုံးနေတော်မူသည့် ဦးသောဘိတ(၆၂)နှစ်အား ဆိုင်ကယ်တစ်စီးမှဝင်တိုက်မိခဲ့သဖြင့် ဦးခေါင်းထိခိုက်မိကာ သတိမေ့နေခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ ဦးသောဘိတအား တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ (စိုးရိမ်ရ)အဖြစ် ပို့ဆောင်ပေးခဲ့ကြရာ ဦးသောဘိတမှာ ဆေးကုသမှုခံယူနေစဥ် ယနေ့နေ့လည်ပိုင်း၌ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပျံလွန်တော်မူသွားခဲ့သဖြင့် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ ဦးသောဘိတ၏ ရုပ်ကလာပ်အား ဆေးရုံမှသယ်ဆောင်၍ ကျောက်တောင်မြို့မသုသာန်တွင် မီးသင်္ဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ဦးလှမိုး(တာချီလိတ်)အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here