အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်(၁)ဆု၊ ကြေးတံဆိပ်(၂)ဆုရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့အားဂုဏ်ပြုကြိုဆို

0
265

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၁)ဆု၊ ကြေးတံဆိပ်(၂)ဆုရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့အားဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် ယနေ့ အောက်တိုဘာလ (၇) ရက် နေ့လယ် ၃ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် MU-2031 ဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

အောင်ပွဲရ မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ မြန်မာ့အားကစား လက်ရွေးစင်‌ဟောင်းများအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား/သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ၏ မိဘဆွေမျိုးများက ပန်းစည်းများ၊အိုးစည်၊ ဒိုးပတ်များဖြင့် ဝမ်းပန်းတသာဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ၊ ပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ နဂါးလှေလှော် (Dragon Boat) လှေလှော်အားကစား အဖွဲ့တို့မှ နည်းပြများ၊ အုပ်ချုပ်သူများနှင့်ပြိုင်ပွဲဝင် အားကစားသမားများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။

မြန်မာအားကစားအဖွဲ့သည် (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ၌ ပိုက်ကျော်ခြင်း အမျိုးသား (၄) ယောက်တွဲမှ ရွှေ(၁)ခု၊ နဂါးလှေ အမျိုးသမီး မီတာ (၅၀၀) မှ ကြေး(၁)ခု၊ နဂါးလှေ အမျိုးသား မီတာ (၁၀၀၀) မှ ကြေး (၁) ခု ရရှိခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here