မကွေးမြို့တွင် တစ်ညတည်း ဆိုင်ကယ်နှစ်စီးတိုက်မှုနှင့်ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွား ၁ ဦးသေ-ဆုံး ၂ ဦးဒဏ်ရာရ

0
397

မကွေးတိုင်း၊မကွေးမြို့တွင် အောက်တိုဘာ ၆ ရက်ညပိုင်းက နာရီပိုင်းသာခြား၍ ဆိုင်ကယ်နှစ်စီးတိုက်မိမှုနှင့်ဆိုင်ကယ်တိမ်းမှောက်မှုတို့ဖြစ်ပွားခဲ့ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ည ၈ နာရီခွဲခန့်က မကွေးမြို့ရှိ မကွေး- ကန်ပြား-နေပြည်တော်သွားကားလမ်းအတိုင်း အမျိုးသားတစ်ဦးမောင်းနှင်လာသည့်ဆိုင်ကယ် သည် မိုင်တိုင်အမှတ် ၄၇/၅ အရောက် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားသည် ထိခိုက်ဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာ၌သေ-ဆုံးသွားခဲ့သဖြင့် မနောဖြူလူမှုကူညီရေးအသင်းမှ ရုပ်အလောင်းအား မြို့သစ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ည ၁၁ နာရီ ၄၀ မိနစ်တွင်လည်း မကွေးမြို့ရှိ အဝေရာလမ်းပေါ်တွင် ဆိုင်ကယ်နှစ်စီးတိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်လာသူ ၂ ဦးတွင် ခြေထောက်နှင့်လက်တို့၌ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ မကွေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့ကြပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးမှာ ဆေးရုံတက်ရန်မလိုအပ်သဖြင့် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ပရဟိတမင်းခေါင်


LEAVE A REPLY

Please enter your comment!
Please enter your name here