မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် ပါလက်စတိုင်းကို အနိုင်ရရှိ

0
353

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် ပါလက်စတိုင်းကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနှင့် ပါလက်စတိုင်းအသင်းတို့ AFC Futsal Asian Cup 2024 ခြေစစ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ၂ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲများအဖြစ် အောက်တိုဘာ ၉ ရက်တွင် အိန္ဒိယအသင်း၊ အောက်တိုဘာ ၁၁ ရက်တွက် အိမ်ရှင် တာဂျစ်ကစ္စတန် အသင်းတို့နှင့် ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အဆိုပါခြေစစ်ပွဲအတွက် ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၂၄ ရက်မှ စတင်ကာ လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ထားကြောင်းလည်း သိရသည်။

Photo – MFF Futsal


LEAVE A REPLY

Please enter your comment!
Please enter your name here