တိုင်းပြည်၏ကုန်စည်စီးဆင်းရေး၌ ကုန်ရထားများသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်ဟု နစက ဥက္ကဋ္ဌပြော

0
117

ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝသက်သာ ချောင်ချိရေးအတွက် ရထားပို့ဆောင်ရေးစနစ်ကို စနစ်တကျဆောင်ရွက်ရေး၊တိုင်းပြည်၏ကုန်စည်စီးဆင်းရေး၌ ကုန်ရထားများသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေခြင်းတို့နှင့်ပတ်သက် ၍ နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ အောက်တိုဘာ ၇ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထား၊မလွှကုန်းယာဒ်ဝင်းဧရိယာအတွင်း စက် ရုံ၊အလုပ်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်၏ ကုန်စည်စီးဆင်းရေးတွင် ကုန်ရ ထားများသည် အရေးပါသောအခန်းကဏ္ဍမှ ပါ ဝင်လျက်ရှိပြီး သယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်လမ်း၊ရေလမ်းနှင့်လေကြောင်းပို့ဆောင်ရေးတို့၌ ရထားဖြင့်ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းများကိုပို့ဆောင်နိုင်၍ အကျိုးအရှိဆုံးပို့ဆောင်ရေးစနစ်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ရထားဖြင့် ကုန်ပစ္စည်းများသယ်ယူ ပို့ ဆောင်မှုကဏ္ဍမြင့်မားစေရန် ကုန်တွဲများကြံ့ခိုင်ရေးကိုဆောင်ရွက်ရမည်ဖြစ်ပြီး စက်ခေါင်းများလည်း‌ကောင်းမွန်နေရမည်ဟု ဆိုသည်။

“သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်သက်သာခြင်းဟာ ပြည်သူလူထုရဲ့နေ့စဉ်လူမှုစီးပွားဘဝသက်သာချောင်ချိရေးကို တိုက်ရိုက် အထောက် အကူပြုနိုင်သလို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အ တွက် အဓိကအရေးပါတာကြောင့် ရထားသယ်ယူပို့ဆောင်ရေးကိုမြှင့်တင်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် ရထားအသုံးပြုခြင်းများနှင့်ပတ်သက်၍ နှစ်ပေါင်း ၁၀၀ ကျော်ခန့်အတွေ့အကြုံများကိုအကျိုးရှိရှိအသုံးချကာ ရထားစက်ခေါင်းများ၊တွဲများ၊သံလမ်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရမည်ဖြစ်ပြီး ခေတ်မီသည့် ရထားသယ်ယူပို့ဆောင်ရေးစနစ်ကိုဖော်ဆောင်ရမည်ဟု ဆိုသည်။

“လျှပ်စစ်ဓာတ်အားအသုံးပြုတဲ့ မီးရထားစက်ခေါင်းတွေကို ထုတ်လုပ်နိုင်ဖို့လိုပါတယ် ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြုပြီး ပြောင်းလဲပြေးဆွဲနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေကိုဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ရထားလမ်းများကောင်းမွန်မှသာ ရထားစက်ခေါင်းများ၊ရထားတွဲများကြံ့ခိုင်ကောင်းမွန်မည်ဖြစ်၍ မီးရထားလမ်းများစနစ်တကျရှိပြီး ကြံ့ခိုင်မှုရှိစေရန် ကျောက်ထည့်သွင်းခြင်း၊ဇလီဖားတုံးများထည့်သွင်းခြင်းတို့ကို စံချိန်စံနှုန်းပြည့်မီရန်နှင့်နည်းစနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင် ရွက်ရမည်ဖြစ်ကာ ရထားခရီးစဉ်ပြေးဆွဲမှုအချိန် ဇယားများကိုလည်း တိကျမှန်ကန်သည့်စနစ်ဖြစ်ရန်လိုသည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here