<<<<< Breaking News >>>>

0
292

ဂါဇာကမ်းမြောင်ဒေသေမှနေ၍ ဒုံးကျည် ၂ထောင်ကျော် အစ္စရေးနိုင်ငံတွင်းသို့ပစ်ခတ်တိုက်ခိုက်၊ မိမိတို့ စစ်ဖြစ်နေပြီဟု နေတန်ယာဟု ကြေညာ

ဟားမတ်စ်တပ်များ ထိန်းချုပ်ထားသော ဂါဇာကမ်းမြှောင်ဒေသမှနေ၍ ဒုံးကျည် ၂၂၀၀ ထက်မနည်းကို အစ္စရေးနိုင်ငံတွင်းသို့ ဒေသစံတော်ချိန် စနေနေ့ နံနက် ၆နာရီခွဲခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဟားမတ်စ်တပ်ဖွဲ့အကြီးအကဲ မူဟာမက်အယ်လ်ဒိဖ်ကမူ မိမိတို့သည် ဒုံးကျည် ၅ထောင်ခန့်ပစ်ခတ်ခဲ့ကြောင်းဆိုသည်။

ထို့ကြောင့် မိမိတို့ စစ်ဖြစ်နေပြီဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကကြေညာလိုက်သည်။

လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံတွင်းမှ အရပ်သား သေဆုံးသူ အရေအတွက် ၃၀၀ အထိရှိလာပြီဖြစ်ကြောင်းသိရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကလည်း ဟားမတ်စ်တို့က အစ္စရေးမြို့များအား လျှပ်တပျက်တိုက်ခိုက်မှုကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယနေ့တနင်္ဂနွေနေ့တွင် အရေးပေါ် တံခါးပိတ်အစည်းအဝေးတစ်ခု ပြုလုပ်မည်ဟု ဆိုသည်။

အစ္စရေးဖက်မှလည်း ဂါဇာဒေသဆီသို့ ချက်ခြင်းပင် လေကြောင်းမှ တိုက်ခိုက်မှုများပြန်လည်ပြုလုပ်ခဲ့ရာ ပါလက်စတိုင်း ရာနှင့်ချီ၍ သေဆုံးခဲ့ပြီး ထောင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာဒေသ ကျန်းမာရေးတာဝန်ရှိသူများကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here