တောင်ဝိုင်း လမ်းမပေါ်တွင် ကွေ့နေသည့် Light Truck ကားကို Probox မှ ဝင်တိုက် ကလေးငယ် (၅) ဦးအပါအဝင် (၁၁) ဦးဒဏ်ရာရ

0
180

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းလမ်းမပေါ်တွင် အောက်တိုဘာ (၇) ရက် ည (၇) နာရီခွဲခန့်က Light Truck ကားနှင့် Probox ကားတိုက်မိခဲ့ကြောင်း ဘိုဘိုဝင်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

“တောင်ဝိုင်းလမ်းမကြီးရဲ့ အရေပြားဆေးရုံရှေ့မှာ ဆွမ်းကြီးလောင်းခံပြန်လာတဲ့ Light Truck ကားက ကွေ့နေတာကို Probox ကားက ဝင်တိုက်မိတာ။ ဒဏ်ရာရတဲ့ (၁၁) ယောက်လုံးက Light Truck ကားပေါ်ကပဲ၊ စိုးရိမ်ရကော၊ မစိုးရိမ်ရကော ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင် တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် Light Truck ကားပေါ်တွင် လိုက်ပါလာသည့် ကလေးငယ် (၅) ဦးနှင့် လူကြီး (၆) ဦး(စုစု ပေါင်း (၁၁) ဦး) တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဘိုဘိုဝင်း လူမှုကူညီရေးအသင်းနှင့် မိတ်ဖက်အသင်းများက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here