ဗဟိုဘဏ်ငွေလဲနှုန်းဖြင့် တွက်ချက်ထားသည့် ရွှေတစ်ကျပ်သား ကျပ် ၂၈ သိန်းကျော်ရှိ

0
185

အောက်တိုဘာ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဗဟိုဘဏ်ငွေလဲနှုန်းဖြင့် တွက်ချက်ထားသည့် ရွှေဈေးနှုန်းမှာ တစ်ကျပ်သား ကျပ် ၂၈ သိန်းကျော်ရှိကြောင်း သိရသည်။

ဗဟိုဘဏ်လေလံဈေးနှုန်းအပေါ်အခြေပြုတွက်ချက်ထားသည့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၈၆၆၃၀၀ ရှိကြောင်း၊ ဗဟိုဘဏ်သည် အမေရိကန်ဒေါ်လာငွေလဲနှုန်းအတွက် ကျပ် (၂,၁၀၀) ကို ရည်ညွှန်းဈေးအဖြစ် သတ်မှတ်ထားသော်လည်း Online Trading တွင် တစ်ဒေါ်လာ ၂၉၃၂ ကျပ်ဖြင့် ဝယ်ယူခွင့်ပြုထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဗဟိုဘဏ်လေလံဈေးဖြင့် တွက်ချက်ထားသည့် ရည်ညွှန်းရွှေဈေးနှုန်းမှာ ၂၈ သိန်းကျော်ရှိသည့်အတွက် ပြင်ပဈေးကွက်တွင် ၃၄ သိန်းအထိ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။

လက်ရှိရွှေဈေးကွက်အတွင်း ဝယ်လိုအားထက် ရောင်းလိုအားပိုများနေကြောင်း၊ ယင်းအပြင်ပြည်တွင်းဒေါ်လာဈေး ငြိမ်နေသည့်အတွက် ကမ္ဘာ့ဈေးနှုန်းအတက်အကျပေါ်မူတည်ကြောင်း YGEA အသင်းဥက္ကဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ဖြေကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here