လှိုင်သာယာမြို့နယ်တွင် Probox ကားနှင့် သုံးဘီးဆိုင်ကယ်တိုက် (၃) ဦးဒဏ်ရာရ

0
248

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်းမကြီးပေါ်တွင် အောက်တိုဘာ (၇) ရက်ညပိုင်းက Probox ကားနှင့် သုံးဘီးဆိုင်ကယ် တိုက်မိခဲ့ကြောင်း သွေးဒါန မျိုးဆက်လူမှုကူညီရေးအသင်းမှ သိရသည်။

“ကျန်စစ်သားလမ်းမကြီးပေါ်က ရွှေကံ့ကော်လဖက်ရည်ဆိုင်ရှေ့လောက်မှာတိုက်မိတာပါ။ သုံးဘီးပေါ်မှာက မောင်းတဲ့လူရယ်၊ နောက်ထပ်အမျိုးသားတစ်ယောက်ရယ်၊ စျေးသည်အမျိုးသမီး တစ်ယောက်ရယ်ပါတယ်။ (၃) ယောက်လုံးဒဏ်ရာရသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား (၂) ဦးနှင့်အမျိုးသမီး (၁) ဦးတို့အား သွေးဒါနမျိုးဆက်လူမှုကူညီရေး အသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ပို့ဆောင်ပေးခဲ့ရာ ဒဏ်ရာရရှိထားသည့် အမျိုးသား (၂) ဦးမှာ စိုးရိမ်ရသဖြင့် လွှဲပြောင်းကုသရမည်ဖြစ်၍ ၎င်းတို့ (၂) ဦးအား သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ လှိုင်သာယာ ပြည်သူ့ဆေးရုံမှတဆင့် မြောက်ဥက္ကလာပဆေးရုံသို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သွေးဒါနမျိုးဆက်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here