အာဖဂန်ငလျင်ကြောင့် သေ-ဆုံးသူ ၂၀၀၀ ကျော်၊ ဒဏ်ရာရသူ ၉၀၀၀ ကျော်အထိရှိလာ

0
262

အာဖဂန်နစ္စတန်အနောက်ပိုင်းတွင် အင်အားကောင်းသည့် ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်များလည်း လှုပ်ခတ်ခဲ့သောကြောင့် လက်ရှိအချိန်အထိ သိရသော စာရင်းများအရ လူပေါင်း ၂၀၀၀ ကျော် သေ-ဆုံးကာ ၉၀၀၀ ကျော် ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ Reuters သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

အာဖဂန်အစိုးရ သဘာဝဘေးအန္တရာယ် ၀န်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ Mullah Janan Sayeeq က လက်ရှိအချိန်အထိ သိရသမျှ လူပေါင်း ၂,၀၅၃ ဦး သေ-ဆုံးပြီး ၉,၂၄၀ ဒဏ်ရာရကာ အိမ် ၁,၃၂၉ လုံး ပျက်စီးခဲ့ကြောင်း Reuters သို့ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန် အနောက်ပိုင်းတွင် ပြင်းအား ရစ်ခတာစကေး ၆ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဥရောပ မြေထဲပင်လယ် ငလျင်ဆိုင်ရာ စင်တာ (EMSC) က အောက်တိုဘာ ၇ ရက်တွင် ကြေညာခဲ့သည်။ ငလျင်ဗဟိုချက်သည် လူဦးရေ ၂၇၂,၀၀၀ ခန့်ရှိသော ဟေရတ်မြို့၏ အနောက်မြောက်ဘက် ၄၂ ကီလိုမီတာ (၂၆ မိုင်ကျော်) အကွာတွင် တည်ရှိသည်။ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များလည်း ဆက်တိုက် လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here