အစ္စရေး – ပါလက်စတိုင်း အကြမ်းဖက်မှုများအဆုံးသတ်ရန် အင်ဒိုနီးရှားတောင်းဆို

0
253

ဂျကာတာ၊အောက်တိုဘာ ၈

ပါလက်စတိုင်းကိုအစဥ်တစ်စိုက်ထောက်ခံအားပေးခဲ့သည့် အင်ဒိုနီးရှားသည် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများအပေါ် လွန်စွာ စိုးရိမ်မကင်းဖြစ်မိကြောင်းပြောကြားခဲ့ပြီး မြင့်တက်လာသောပဋိပက္ခများအား နှစ်ဘက်စလုံးမှရပ်တန့်ပေးရန်တောင်းဆိုခဲ့ကြောင်းသိရသည်။

“အခုအခြေအနေကြောင့် အင်ဒိုနီးရှားအနေနဲ့အင်မတန်စိုးရိမ်ပါတယ်၊ နောက်ထပ်သေဆုံးမှုတွေမဖြစ်အောင် နှစ်ဘက်စလုံးကပဋိပက္ခကိုလျှော့ချပေးစေလိုပါတယ်” ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

အင်ဒိုသည် ပါလက်စတိုင်းလွတ်လပ်ရေးရရှိရန် အစဉ်တစိုက်အားပေးထောက်ခံ‌ခဲ့သောနိုင်ငံဖြစ်ပြီး ပြဿနာ၏အရင်းအမြစ်မှာ ပါလက်စတိုင်းနယ်‌မြေအားသိမ်းထားသည့် အစ္စရေးပင်ဖြစ်သည်ဟုဆိုခဲ့သည်။

ယင်းနောက် အင်ဒိုအနေဖြင့် အစ္စရေးနှင့်သံတမန်ဆက်ဆံရေးပြုလုပ်မည်မဟုတ်ကြောင်းပြောကြားခဲ့သော်လည်း အမေရိကန်နှင့်ဥရောပသမဂ္ဂတို့ကမူအစ္္စ‌ရေးဘက်မှရပ်တည်ကာ ပါလက်စတိုင်း၏လုပ်ရပ်အားရှုံ့ချဝေဖန်ခဲ့ကြသည်။

Source:AFP


LEAVE A REPLY

Please enter your comment!
Please enter your name here