မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ ၂၀၂၃-၂၀၂၅ ခုနှစ်အတွက် အလုပ်အမှုဆောင်အဖွဲ့သစ်များရွေးချယ်

0
169

မြန်မာနိုင်ငံဓာတ်ပုံအသင်း၏
အလုပ်အမှုဆောင်အဖွဲ့သစ်များကို အောက်တိုဘာ ၈ ရက်နေ့လည် ၁ နာရီကကျင်းပသည့် မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ အလုပ်အမှု ဆောင်ရွေးကောက်ပွဲနှင့်အထူးသင်းလုံးကျွတ်အစည်းအဝေးတွင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အလုပ်အမှုဆောင်အဖွဲ့သစ်တွင် ဥက္ကဋ္ဌအဖြစ် ဦးသန်းထွန်းဦး၊ ဒု-ဥက္ကဋ္ဌအဖြစ် ဦးအောင်ထွန်းဝင်း၊ အတွင်းရေးမှူးဦးကျော်ကျော်ဝင်း(သမဝါယမ)၊ တွဲဖက် အတွင်းရေးမှူးဦးထက်အောင်၊
ဘဏ္ဏာရေးမှူးဦးမြင့်အောင်(စက်မှုဆေးဝါး)၊ စာကြည့်တိုက်မှူးဒေါ်ယဉ်ယဉ်မွန်၊ တွဲဖက်စာကြည့်တိုက်မှူးဦးစိုပြေလင်း၊ ပြန်ကြားရေးမှူးရန်ကင်းဦးစိုးမင်းတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမှုဆောင်များအဖြစ် ဦးဇော်ဝင်းမြင့်၊ဦးစိုင်ခမ်းလင်း(Hawk Eye)၊ဦးမောင်မောင်ကြည်၊ဦးဆန်းဌေး(မြန်မာ)၊ဦးလွင့်တင့်ရှိန်(Maung Fuji)၊ဦးအောင်မျိုးမြင့်နှင့်ဦးကျော်ကျော်ဝင်းတို့ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here