ပို့ကုန်လုပ်ငန်းရှင်များအတွက်အကျိုးခံစားခွင့်ပိုမိုရရှိနိုင်ရန်  အထူးအခွင့်အရေးပေးမည့်အစီအစဉ်များတိုင်ပင်ရေးဆွဲနေ

0
231

မြန်မာနိုင်ငံအတွက် နိုင်ငံခြားသုံးငွေများရှာဖွေပေးနေသော ပို့ကုန်လုပ်ငန်းရှင် Exporter များအတွက် အထူးအခွင့်အရေးများ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်းကို  ကြားသိရကြောင်း၊ ယခုရက်ပိုင်းအတွင်း ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေးအတွက် ပို့ကုန်အမယ်အမျိုးမျိုးကို တရားဝင်တင်ပို့နေသော ပို့ကုန်လုပ်ငန်းရှင်များအား  အကျိုးခံစားခွင့်များပိုမိုရရှိနိုင်ရန်  အထူးအခွင့်အရေးပေးမည့်အစီအစဉ်များကို ညှိနှိုင်းတိုင်ပင် ရေးဆွဲလျက်ရှိသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ဆန် ၊  ရာဘာ ၊ ရေထွက်ကုန်အမျိုးမျိုး၊ သစ်သီးဝလံနှင့် CMP ကဏ္ဍတို့သည် အဓိကပို့ကုန်အဖြစ်အများဆုံးတင်ပို့လျက်ရှိသည့် ကုန်စည်အမယ်များ ဖြစ်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းအချက်အလက်များအရ ယခု ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ ပို့ကုန်ပမာဏ ဒေါ်လာ ၁၆  ဒသမ ၅ ဘီလီယံနှင့် ပြည်ပနိုင်ငံများမှ သွင်းကုန်ပမာဏ ဒေါ်လာ ၁၆ ဘီလီယံ၊ စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံအထိရရှိမည်ဟု ခန့်မှန်းထားသည်။

ထို့ပြင် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လအတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံကျော်နှင့် သွင်းကုန်တင်သွင်းမှုမှ ‌ကန်ဒေါ်လာ ၈ ဒသမ ၂၃ ဘီလီယံရရှိထားပြီးဖြစ်ကြောင်း ကုန်သွယ်မှုဆိုင်ရာအချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ ပို့ကုန်ပမာဏ ဒေါ်လာ ၁၆ ဒသမ ၆၂ ဘီလီယံနှင့် ပြည်ပနိုင်ငံများမှ သွင်းကုန်ပမာဏ ဒေါ်လာ ၁၇ ဒသမ ၃၅ ဘီလျံ၊ စုစုပေါင်းပြည်ပ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဒသမ ၉၇ ဘီလီယံအထိ ရရှိထား‌ခြင်းဖြစ်ကြောင်း သိရသည်။

Crd-UMFCCI


LEAVE A REPLY

Please enter your comment!
Please enter your name here