ထိုင်းနိုင်ငံတွင် အသက်(၁၇)နှစ်အရွယ်ရှိ မြန်မာနိုင်ငံသူ ရေထဲခုန်-ချသွားခဲ့ ရုပ်အ-လောင်းအား ၃ ရက်အကြာ၌ပြန်တွေ့

0
264

ထိုင်းနိုင်ငံ၊ချာချင်ဆောင်ခရိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက်(၁၇)နှစ်အရွယ်ရှိ မြန်မာနိုင်ငံသူတစ်ဦး ရေထဲခုန်-ချသွားခဲ့မှု အောက်တိုဘာ ၆ ရက်ညပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၉ နာရီခွဲခန့်က အသက်(၁၇)နှစ်အရွယ်ရှိ မြန်မာနိုင်ငံသူသည် ချာချင်ဆောင်ခရိုင်၊မင်မြို့၊နာ့မက်ကျေးရွာရှိ တံတားပေါ်မှရေထဲသို့ခုန်-ချသွားခဲ့သဖြင့် တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း တွေ့ရှိရခြင်းမရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရှာဖွေမှုများအားဆက်လက်ပြုလုပ်ခဲ့ရာမှ အောက်တိုဘာ ၈ ရက်နံနက် ၇ နာရီခန့်တွင် မြန်မာနိုင်ငံသူ၏ရုပ်အ-လောင်းအား ဘန်ပကောမြစ်အတွင်းမှပြန်လည်တွေ့ရှိခဲ့ရသဖြင့် ဆေးရုံ၌ ရင်ခွဲစစ်ဆေးပြီးနောက် သဂြိုလ်နိုင်ရန် ဝပ်ပရတူနမ်းထာ့ခိုင်ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

တာဝန်ရှိသူများ၏စစ်ဆေးချက်များအရ ရေထဲခုန်-ချ‌ေသ-ဆုံးခဲ့သည့် မြန်မာနိုင်ငံသူသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေရာမှ မိခင်ဖြစ်သူထပ်မံလိုက်ပါလာပြီး ၎င်းနှင့်အတူနေထိုင်ကာ အခင်းဖြစ်ပွားခဲ့သည့်ရက်က မိခင်ဖြစ်သူမှာ စမွတ်ဆာခွန်ခရိုင်ရှိ ဆွေမျိုးများထံသွားရောက်နေစဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သေ-ဆုံးသူ၏ရုပ်အ-လောင်းအား သဂြိုလ်နိုင်ရန် တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here