လားရှိုး – နမ္မတူ သွားကားလမ်းတွင် သံဃာတော်တစ်ပါးအား ကားတစ်စီးမှတိုက်ပြေးသည့်အတွက် ပြင်းထန်ဒဏ်ရာရခဲ့

0
196

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ လားရှိုး – နမ္မတူ သွားကားလမ်း၏ လွယ်တောက်ကျေးရွာနှင့် နားဆိုင်းကျေးရွာကြား၌ သံဃာတော်တစ်ပါးအား ကားတစ်စီးမှ ဝင်တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့မှု အောက်တိုဘာ (၈) ရက် ညနေ (၄) နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“ကားက တိုက်ပြီး မောင်းပြေးသွားတယ်။ တာဝန်ရှိတဲ့လူတွေက စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ်။ ကားနဲ့တိုက်ခံရတဲ့ သံဃာက ခေါင်းမှာထိခိုက်မိထားတယ်။ စိုးရိမ်ရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သည့် သံဃာတော်အား လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ (၈) ရက် နေ့လယ် (၁) နာရီခွဲခန့်ကလည်း လားရှိုး-သိန္နီသွား ပြည်ထောင်စု လမ်းမကြီး၊ နယ်မြေရဲစခန်းရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦး ပေါင်ရိုးကျိုးသွားခဲ့သဖြင့် လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here