ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်း၊ မုပ္ပလင် ဘူတာအနီးတွင် လက်လုပ်မိုင်းတစ်လုံးတွေ့ရှိ

0
124

ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်း၊ မုပ္ပလင် ဘူတာအနီးတွင် အောက်တိုဘာ (၈) ရက် နံနက်ပိုင်းက လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ရကြောင်း သိရသည်။

လက်လုပ်မိုင်းတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မုပ္ပလင်ဘူတာနှင့် စွပ္ပနူးဘူတာကြား ရထားသံလမ်းအနီးတွင် အလျား (၁) ပေ၊ အနံ (၅) လက်မခန့်ရှိ လက်လုပ်မိုင်း (၁) လုံး၊ စကားပြောစက်အသေး (၁) လုံး၊ နာရီဓာတ်ခဲ (၁၆) လုံးတို့အားတွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လက်လုပ်မိုင်းအား ရထားလမ်းပျက်စီးမှု မရှိစေရန်နှင့် ရထားစီး ခရီးသည်များ ထိခိုက်အန္တရာယ်မဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ပုံစာ- ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက မုပ္ပလင်ဘူတာအနီး ရထားလမ်း မိုင်းခွဲခံခဲ့ရစဥ်က ပုံအားအသုံးပြုထားပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here