ပဲခူးတိုင်း၊ပဲခူးမြို့နယ်တွင်ရေကြီးနေသဖြင့် ပြည်သူများအန္တရာယ်မရှိစေရန် လျှပ်စစ်မီးများအားဖြတ်ထားရပြီး ဆက်သွယ်ရေးအနေဖြင့် Ooredoo ဖုန်းလိုင်းသာအသုံးပြု၍ရကြောင်း သိရသည်။
ရေကြီးနေမှုကြောင့် လျှပ်စစ်မီးများဖြတ်ထားချိန်တွင် မီးအလင်းရောင်ရရှိရန် အင်ဗာတာများဖြင့်သာအသုံးပြုနေရပြီး ၂ ရက်ခန့်ကြာမြင့်ပါက အင်ဗာတာများ အားကုန်သွားနိုင်သည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။
ထို့ပြင် ရေကြီးမှုကြောင့် ဆက်သွယ်ရေးလိုင်းများဖြစ်သည့် MPT , ATOM , Mytel ဖုန်းလိုင်းများမှာခေါ်ဆိုမရဖြစ်နေပြီး လက်ရှိအချိန်၌ Ooredoo ဖုန်းလိုင်းတစ်ခုသာ အသုံးပြုဆက်သွယ်၍ရနေကြောင်း သိရသည်။
အိမ်များထဲရေဝင်နေသဖြင့် တထပ်ထဲရှိသည့်အိမ်များမှာ နေအိမ်စွန့်ခွာနေကြပြီဖြစ်သည်။ ၂ထပ်အိမ်အချို့ကမူ အပေါ်ထပ်သို့ ရေ ၆ပေခန့် ကွာနေသေးသဖြင့် နေလို့ရသလောက် နေနေကြသူများလည်းရှိသည်။
ပုံများမှာ ပဲခူးမြို့လယ်ရှိ ညောင်ဝိုင်း ၁၃လမ်း ကို မှတ်တမ်းယူထားခြင်းဖြစ်သည်။ရေပြန်ကျသွားပါက ကျန်းမာရေးအတွက် လုပ်ဆောင်ရမည်များ အများအပြားရှိသည်။
Photos-MeMeThet