လျှပ်စစ်ဓာတ်အား ပုံမှန်ထုတ်လုပ်နိုင်ရေး ရှိပြီးသား စက်များကို ထိန်းသိမ်းမောင်းနှင်ကြရန် လျှပ်စစ်ဝန်ကြီးမှာကြား

0
261

လျှပ်စစ်ဓာတ်အားပေး စက်ရုံအသစ်များ မတည်ဆောက်နိုင်မီကာလအတွင်း လျှပ်စစ်ဓာတ်အား ပုံမှန်ထုတ်လုပ်နိုင်ရေးအတွက် ရှိပြီးသားစက်ရုံများကို စနစ်တကျထိန်းသိမ်းပြုပြင်၍ မောင်းနှင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးက ပြောကြားခဲ့သည်။

အောက်တိုဘာ (၇) ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊လှော်ကား သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတို့၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတို့ကို ကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လျှပ်စစ်ဓာတ်အားများ ပုံမှန်ထုတ်လုပ်မောင်းနှင်နိုင်ရန်အတွက် စက်များ၏ ကြံ့ခိုင်ရေးကို စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်ရမည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက မှာကြားသည်။

ထို့အတူ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့်လည်း ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ကျင့်ကြံနေထိုင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပေးစက်ရုံများရှိ ဓာတ်အားထိန်းချုပ်ခန်းများအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများပို့လွှတ်ပေးနေမှု၊ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်မှုနှင့် Myanmar Central Power Co.,Ltd နှင့် UPP POWER (MYANMAR) LIMITED တို့၏ ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here