အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှုအား တုံ့ပြန်ရန် လေယာဉ်တင် စစ်သင်္ဘောအုပ်စု အမေရိကန်စေလွှတ်

0
363

အစ္စရေးနိုင်ငံကို ဟားမတ်စ်တို့၏ မကြုံစဖူး ဘက်စုံတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် လေယာဉ်တင်သင်္ဘောနှင့် လေယာဉ်များ အပါအဝင် အမေရိကန် စစ်သင်္ဘောအုပ်စုကို မြေထဲပင်လယ်အရှေ့ပိုင်းနှင့် ပိုနီးကပ်စွာရွှေ့ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က တနင်္ဂနွေနေ့က အမိန့်ထုတ်ပြန်လိုက်သည်။ အစ္စရေးနိုင်ငံကို ဟားမတ်စ်တို့၏ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများထဲတွင် အမေရိကန် နိုင်ငံသား အများအပြား ပါဝင်ခဲ့ကြောင်း အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်အပြီး ယခုအမိန့်ကို ထုတ်ပြန်အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခုစေလွှတ်လိုက်သည့် စစ်သင်္ဘောအုပ်စုတွင် ကမ္ဘာပေါ်တွင် အကြီးဆုံး စစ်သင်္ဘောဖြစ်သည့် USS Gerald R. Ford လေယာဉ်တင်သင်္ဘောလည်း ပါဝင်သည်။ ထို့အပြင် ပဲ့ထိန်းဒုံးကျည်များကို တန်ပြန်ဖျက်ဆီးရေး လက်နက်များတပ်ဆင်ထားသည့် USS Thomas Hudner၊ USS Ramage၊ USS Carney နှင့် USS Roosevelt စစ်သင်္ဘောများလည်းပါဝင်သည်။

ယခုကဲ့သို့ စစ်သင်္ဘောာများစေလွှတ်ခြင်းသည် အီရန်ကို ခြိမ်းချောက်သည့်သဘောလည်းဆောင်နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here