သက်သာသော အတိုးနှုန်းဖြင့် အိမ်နှင့် ကား အရစ်ကျဝယ်ယူနိုင်

0
436

iMyanmar House နှင့် CarsDB တို့မှ စီစဉ်သည့် (၁၅) ကြိမ်မြောက် အိမ်ခြံမြေ နှင့် ကားအရောင်းအဝယ်ပြပွဲတွင် နာမည်ကြီး Property Developers များနှင့် Car Showrooms များစွာမှ ဘဏ်နှင့်ချိတ်ဆက်၍ ဝယ်ယူနိုင်သည့်အစီအစဉ်ကိုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြပွဲတွင် ကိုယ်ပိုင်အိမ်တစ်လုံး၊ ကားတစ်စီး ပိုင်ဆိုင်ရန်အတွက် 15th Myanmar’s Biggest Property and Cars Expo ပြပွဲကြီး၌ AYA Bank မှ Official Banking Partner အဖြစ် ပါဝင်ထားပြီး အရစ်ကျ အိမ်၊ ကားဝယ်ယူနိုင်ရန် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

ယင်းပြပွဲမှတဆင့် မိမိနှစ်သက်သည့် အိမ်နှင့် ကားများကို အရစ်ကျငွေပေးချေရုံနှင့် ပိုင်ဆိုင်နိုင်ရန် AYA Bank ၏ AYA Home Loan နှင့် AYA Auto Loan ရွေးချယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။

(၁၅) ကြိမ်မြောက် အိမ်ခြံမြေ နှင့် ကားအရောင်းအဝယ်ပြပွဲကြီးအတွင်း ဝယ်ယူမည်ဆိုပါက AYA Home Loan/ Auto Loan ဖြင့် အရစ်ကျ ဝယ်ယူနိုင်ခြင်း ၊ အိမ်ရာချေးငွေ နှင့် မော်တော်ယာဉ်ချေးငွေအကြောင်း တစ်ချိန်တည်းတွင် လေ့လာနိုင်ခြင်း၊ မြို့နယ်အစုံမှ အိမ်ရာတိုက်ခန်းများအား တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ခြင်း၊ ပြပွဲတွင် ဝယ်ယူနိုင်သော တိုက်ခန်းအမျိုးအစားများအကြောင်း ၊ ပြပွဲတွင် ဝယ်ယူနိုင်သော ကားအမျိုးအစားများအကြောင်း စသည်တို့ကို သိရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here