လှိုင်သာယာ နဝဒေးဥယျာဥ်အိမ်ရာရှေ့တွင် အိမ်စီးကားနှင့် Hijet ကားတိုက် ၅ ဦးဒဏ်ရာရ

0
288

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးပေါ်ရှိ နဝဒေးဥယျာဥ်အိမ်ရာရှေ့တွင် အောက်တိုဘာ (၈) ရက် ညပိုင်းက အိမ်စီးကားနှင့် Hijet ကားတိုက်မိခဲ့ကြောင်း သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ သိရသ ည်။

“တိုက်ချက်ပြင်းတယ်။ Hijet ကားက နောက်ခန်းအမိုးကိုင်းတွေ အကုန်လုံးပျက်စီးသွားတယ်။ အိမ်စီးကားကတော့ ခေါင်းပိုင်းပျက်စီးတယ်။ အမျိုးသား (၅) ယောက် ဒဏ်ရာရခဲ့တယ်။ (၄) ယောက်က မစိုးရိမ်ရပါဘူး။ (၁) ယောက်တော့ စိုးရိမ်ရတယ်”ဟု လူမှုကူညီရေးအသင်းဝင် တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ (၅) ဦးအား လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး စိုးရိမ်ရဒဏ်ရာရရှိခဲ့သူအား လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွေးဒါနမျိုး ဆက်လူမှုကူညီရေးအသင်းမှ ဆက်လက်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here