ကျိုက်ထိုဆေးရုံတွင် လူနာတစ်ဦး၏ ကျောကုန်းမှ အကြိတ်ကို ခွဲစိတ်ရာ ကလေးတစ်ဦးခြေချောင်းပုံစံ ထူးဆန်းစွာတွေ့ရှိခဲ့ရကြောင်း ဆေးရုံဘက်မှ ထုတ်ပြန်

0
544

လူနာတစ်ဦး၏ ကျောကုန်းရှိ အကြိတ်ကို ခွဲစိတ်ရာ ကလေးတစ်ဦး၏ ခြေချောင်းပုံသဏ္ဍန်အကြိတ်ကို ထူးဆန်းစွာ တွေ့ရှိခဲ့ရကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံက ယနေ့ အောက်တိုဘာ (၉) ရက်၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

“ယနေ့ ခွဲစိတ်ကုသမှုတွေထဲမှာ ထူးဆန်းတဲ့ လူနာတစ်ယောက်တွေ့ရတယ်။ လူနာရဲ့ အနောက် ကျောကုန်း အကြိတ်လုံးကို ခွဲစိတ်ကုသရာမှာ ပုံပါအတိုင်း ကလေးတစ်ယောက်ရဲ့ ခြေချောင်းလေးများ သဖွယ် အကြိတ်လုံးလေး တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ခွဲစိတ်ကုသမှု အောင်မြင်ပါတယ်။”ဟု ကျိုက်ထိုဆေးရုံမှ ထူးဆန်းထွေလာ ဤကမ္ဘာဟု ဆိုကာ မှတ်တမ်းဓါတ်ပုံများနှင့်အတူ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

အဆိုပါ ခွဲစိတ်ကုသမှုကို ယနေ့ အောက်တိုဘာ (၉) ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်မှုအောင်မြင်ကြောင်းလည်း ကျိုက်ထိုမြို့နယ် ပြည်သူ့ ဆေးရုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here